“မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ITPEC စာမေးပွဲအောင်စာရင်း ထုတ်ပြန်”
23 May
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပလျက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် ဧပြီလ ၂၇ ရက်၌ တစ်ပြိုင်တည်း ကျင်းပ စစ်ဆေးခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် ၃၇၀ ဦးနှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် ၇၆၃ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပါတယ်။ အဆိုပါ စာမေးပွဲများမှ FE Exam တွင် ၁၉၆ ဦးနှင့် IP Exam တွင် ၂၅၀ ဦးတို့ အောင်မြင်ခဲ့ကြောင်း မေလ ၁၇ ရက် က ထုတ်ပြန်ထားပါတယ်။ (ITPEC) နှင့် (FE) စာမေးပွဲများကို မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မွန်ဂိုးလီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အသိအမှတ်ပြုထားကြောင်း သိရပါတယ်။ (NVS-004)