“မန္တလေးတိုင်းငလျင်ဒဏ်သင့်မြို့နယ် ၆ မြို့ရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း ၂,၀၀၀ ဝန်းကျင် ကူညီပံ့ပိုးမည်”

23 May

မန္တလေးတိုင်းငလျင်ဒဏ်သင့်မြို့နယ် ၆ မြို့နယ်ဖြစ်တဲ့ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သော စာသင်ကျောင်းများအတွက် ကျပ်သိန်း ၁,၉၅၀ ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Mission(TSBM) အဖွဲ့ထံမှ သိရပါတယ်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိ ကျေးရွာစာသင်ကျောင်းအချို့မှာ ပညာသင်ကြားရေး စတင်နိုင်ရန် ငွေကျပ်သိန်း ၂၅၀ ကိုအသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့နှင့်ပတ်သက်သော မျက်နှာပြင်အက်ကွဲခြင်း(surface rupture) များ ပေါ်လာ ခြင်း၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာတိုင်းတာရေးနှင့် မြေပုံရေးဆွဲရေးကိစ္စများကို ကနဦး လေ့လာ မှတ်သားခြင်း၊ ပဏာမတိုင်းတာခြင်းများကို လုပ်ဆောင်နေသည့် offroad အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ TSBM အဖွဲ့အနေဖြင့် တပ်ကုန်း-စစ်ကိုင်း-မင်းကွန်းဒေသများအတွက် ပညာရေးအကူအညီပေးမည့်အဖွဲ့ အပါ အဝင် ငလျင်ကွဲကြောင်းတလျှောက် မှတ်ငုတ်များရိုက်သွင်းခြင်း၊ Ground control point များတည်ဆောက်ခြင်း၊ မှတ်ငုတ်များကို RTK base station ထိုင်ကာ တိုင်းတာရေးဆိုင်ရာများ၊ မှတ်ငုတ်နှင့် GCP များ၊ RTK base station များကို ဆက်စပ်ကာ အပြီးသတ် တိုင်းတာရိုက်ကူးရေးကိစ္စများဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ TBSM အဖွဲ့သည် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် မင်းကွန်းဆရာတော်ဘုရားကြီးထူထောင်ခဲ့သည့် မင်းကွန်း တောင်ရိုး မိုးမိတ်ကုန်းမြေတွင်တည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးအား စက်ယန္တရားကြီးများဖြင့် ပညာရှင်များက ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

23 May

ADVERTISE HERE .