“ချန်ပီယံလိဂ်ဝင်ခွင့်မရတာကြောင့် Adidas ကို ပေါင် ၁၀ သန်း ပြန်ပေးရမယ့် မန်ယူအသင်း”

23 May

မန်ယူအသင်းက လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတဲ့အတွက် ဝတ်စုံစပွန်ဆာ Adidas ထံ ပေါင် ၁၀ သန်း ပြန်ပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ Adidas နှင့် တစ်နှစ် ပေါင်သန်း ၉၀ တန်ကြေးရှိတဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၅ ခုနှစ်အထိ ဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်မရရှိပါက စာချုပ် တန်ဖိုး လျော့ကျမည်ဆိုတဲ့ သဘောတူညီချက်ပါရှိခဲ့ရာ မန်ယူအသင်းက ယခုအခါ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် နှစ်ရာသီ ဆက်တိုက် လွဲချော်ခဲ့တဲ့အတွက် Adidas ထံ ပေါင် ၁၀ သန်း ပြန်ပေးရမှာဖြစ် ပါတယ်။ မန်ယူအသင်းက လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်သာမက အခြားဥရောပပြိုင်ပွဲများမှာလည်း ယှဉ်ပြိုင်ခွင့် မရရှိတဲ့အတွက် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

23 May

ADVERTISE HERE .