“ပြင်သစ်အိုးပင်းတင်းနစ် ဆုကြေးကို စံချိန်တင်ပေးသွားမည်”

23 May

လာမယ့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆုကြေးကို စံချိန်တင်အဖြစ် ဒေါ်လာ ၆၃ ဒသမ ၇ သန်းအထိ ပေးသွားမှာ ဖြစ်ပြီး မနှစ်က ပေးခဲ့တဲ့ ဆုကြေးထက် ၅ ဒသမ ၂၁ ရာခိုင်နှုန်း တိုးမြှင့်ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားတစ်ဦးချင်းနဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ ကစားသမားက ဆုကြေးအဖြစ် ဒေါ်လာ ၂ ဒသမ ၉ သန်းရမှာဖြစ်ပြီး မနှစ်ကဆုကြေးနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒေါ်လာ ၁ သိန်း ၇ သောင်းကျော် ပိုမို ရရှိမှာ ဖြစ်ပါတယ်။ တင်းနစ်ရာသီရဲ့ ဒုတိယမြောက် ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲဟာ ၂၀၂၁ နောက်ပိုင်း ၄ နှစ်ဆက်တိုက် ဆုကြေးတိုးမြှင့်ပေးအပ်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မနှစ်က ဂရင်းစလမ်ပြိုင်ပွဲ တွေမှာတော့ ပြင်သစ်အိုးပင်းက ဆုကြေးပေးနိုင်မှု တတိယအဆင့်မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ယူအက်စ်အိုးပင်းက ဆုကြေး ဒေါ်လာ ၇၅ သန်း၊ ဝင်ဘယ်ဒန်ပြိုင်ပွဲက ဒေါ်လာ ၆၆ သန်း၊ ပြင်သစ်အိုးပင်းက ဒေါ်လာ ၆၁ သန်း၊ ဩစတြေးလျအိုးပင်းက ဒေါ်လာ သန်း ၆၀ ဖြစ်ပါတယ်။ အခုနှစ် ပြင်သစ်အိုးပင်းမှာတော့ ကမ္ဘာ့အဆင့် ထိပ်တန်းမှာ ရပ်တည်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။(NVS 008)

23 May

ADVERTISE HERE .