“FWA တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ ဆာလတ်”

23 May

အားကစားကလောင်ရှင်များအဖွဲ့အစည်း(FWA)ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ် အသင်း တိုက်စစ်ကစားသမား ဆာလတ် က တတိယအကြိမ်မြောက်အဖြစ်ရရှိခဲ့ပြီး အာဆင်နယ်ဂန္ထဝင်ကစားသမား တိုက်စစ်မှူး အွန်နရီ နှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆာလတ် က ၂၀၁၈ နှင့်၂၀၂၂ ခုနှစ်တို့မှာ အဆိုပါအကောင်းဆုံးဆုကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာလတ် ဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားထားခဲ့ပြီးသွင်းဂိုး ၃၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၃ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

23 May

ADVERTISE HERE .