“မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပလျက်ရှိ”

23 May

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပတဲ့ ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံတိုက်ကွမ်ဒိုပြိုင်ပွဲကို မေလ ၂၃ ရက်မှ ၂၄ ရက်အထိ သုဝဏ္ဏအားကစားကွင်းရှိ ဘူယောင်းအားကစားရုံ မှာ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲကို မေလ ၂၃ ရက် နံနက် ၉ နာရီမှစတင် ကျင်းပမှာ ဖြစ်ပြီး တိုက်ကွမ်ဒိုအားကစားနည်းများ ဖြစ်တဲ့ Poonsae (ကကွက်ပြိုင်ပွဲ)နှင့် Sparring (အတိုက်ပြိုင်ပွဲ)များကို အခြေခံအဆင့်ကနေ အဆင့်မြင့်တန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။ မေလ ၂၄ ရက်မှာတော့ တစ်ဦးချင်းဆုရရှိသူများနှင့် အသင်းလိုက်ဆုရရှိသူများကို တံခွန်စိုက်ဒိုင်းနှင့် ဆုတံဆိပ် များအပြင် ဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးဥက္ကဋ္ဌဖလားကို နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး တိုက်ကွမ်ဒိုအားကစားကို စိတ်ဝင်စားတဲ့ပရိသတ်များ မည်သူမဆို သုဝဏ္ဏဘူယောင်းအားကစားရုံမှာ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်တယ်လို့ သိရပါတယ်။ (NVS 008)

23 May

ADVERTISE HERE .