“ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အခြေအနေများကို နေတန်ယာဟုထုတ်ဖော်ပြောလာ”

23 May

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေး အတွက် လိုအပ်သည့်အခြေအနေများကို ထုတ်ဖော်ပြောဆိုလာကြောင်း သိရသည်။ ထိုအခြေအနေများတွင် ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရေး၊ ဂါဇာဒေသကို စစ်ပုံဖော်နေမှု ရပ်တန့် ရေးနှင့် ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ကို ထိုဒေသမှနှင်ထုတ်ရေးတို့ပါဝင်ကြောင်းနှင့် ယင်းအချက်များအားလုံး သည် အစ္စရေးနိုင်ငံ၏လုံခြုံရေးကိုအာမခံနိုင်မည့်အချက်များပင်ဖြစ်ကြောင်း နေတန်ယာဟု က ပြောသည်။ ထို့ပြင် ဂါဇာဒေသခံများအနေဖြင့် ထိုဒေသမှထွက်ခွာလိုပါက ထွက်ခွာခွင့်ရရှိမည်ဖြစ်ကြောင်း၊ အစ္စရေး အနေဖြင့် အဆိုပါရည်မှန်းချက်များကို မရရှိသေးသမျှကာလပတ်လုံး ကမ္ဘာ့နိုင်ငံများက အစ္စရေး၏ လုပ်ဆောင် ချက်များကို ရပ်တန့်ရန်ဆိုလာခြင်းက ဟားမတ်စ်အဖွဲ့ကိုအားပေးရာရောက်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 May

ADVERTISE HERE .