“မြန်မာတွင်၂၀၂၅ အတွင်း သွေးလွန်တုပ်ကွေးဖြစ်သူ ၈၆၀ ကျော်ဖြစ်ပွား”

23 May

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၀ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၈၆၀ ကျော်ရှိပြီး ၄ ဦး ‌သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။ ယခုနှစ်ရောဂါဖြစ်ပွားမှုနှင့် ‌သေဆုံးမှုအရေအတွက်က ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လျော့ကျပါတယ်။ သွေးလွန်တုတ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ မိုးရာသီတွင် အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်တာကြောင့် မြန်မာနိုင်ငံတွင် မိုးရာသီ အတွင်း ကူးစက်မှုဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးစီမံချက်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ (NVS 004)

23 May

ADVERTISE HERE .