“ကွမ်တုံနှင့် မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ခေါ်”
23 May
၂၀၂၅ ခုနှစ်၊ ကွမ်တုံနှင့် မကာအိုဒေသကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ (Guangdong and Macao Branded Products Fair 2025 -GMBPF) တွင် မြန်မာနိုင်ငံမှပါဝင်ပြသရန် သက်ဆိုင်ရာမှ ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ ပြပွဲကို မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ မကာအိုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ (Macao Trade and Investment Promotion Institute - IPIM) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကူးသန်း ရောင်းဝယ်ရေးဌာနတို့မှကြီးမှူး၍ မကာအိုမြို့၊ The Venetian Macao ဟိုတယ်၌ ဇူလိုင်လ ၂၄ ရက်မှ ၂၇ ရက်အထိ ၄ ရက် ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ ပြပွဲ၏ရပ်ဝန်းနှင့်ပိုးလမ်းမပြခန်းစု (Belt and Road Pavilion) ရှိ မြန်မာနိုင်ငံပြခန်းဧရိယာ (Myanmar Exhibition Area)မှာ မြန်မာနိုင်ငံမှလုပ်ငန်းများ ပါဝင်ပြသလိုပါက Email - [email protected]၊ ဖုန်းနံပါတ်- ၈၅၃၈၇၉၈၉၆၃၆ နှင့် ဖက်စ်နံပါတ် - ၈၅၃၂၈၉၇၆၁၉၇ တို့ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံမှကုမ္ပဏီများအနေနဲ့ မြန်မာပြခန်းဧရိယာမှာ ပါဝင်ပြသ၍ ၎င်းတို့၏ထုတ်ကုန်များ အရောင်းမြှင့်တင်ခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်လိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇၄၀၈၆၂၃ နှင့် Email - [email protected] သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)