“အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ”

22 May

ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်သော အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ၌ စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့်ကုန်ချောပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုကို မေလ ၂၀ ရက်တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးသည် ဓာတ်ခွဲခန်းအသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရတာဖြစ်တာကြောင့် ပြည်သူလူထုတစ်ရပ်လုံး၏အကျိုးစီးပွားကို အစဉ် ရှေးရှု ကာ အရည်အသွေးစံနှုန်းများနှင့်အညီ အထူးဂရုပြု တိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ပါတယ်။ စားသောက်ကုန်များ၏အရည်အသွေးများဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်များ၊ လူကိုအကျိုးပြုသည့် သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Protein analyzer၊ Fat Analyzer၊ Fiber analyzer စတဲ့ အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာပစ္စည်းများဖြင့် ဓာတ်ခွဲတိုင်းတာပေးလျက်ရှိသည့်အပြင် စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးများ၊ သောက်ရေ၊ သုံးရေနှင့် စွန့်ပစ်ရေများ၏ အရည်အသွေးများ၊ ရေများတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Atomic Absorption Spectrometer စက်များဖြင့် တိုင်းတာစစ်ဆေးပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

22 May

ADVERTISE HERE .