“ဒီဘရိုင်း ကို ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုသွားမည်”
22 May
မန်စီးတီးအသင်းက ယခုရာသီကုန်မှာ အသင်းမှထွက်ခွာမယ့် ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်း ကို ရုပ်တုတည်ဆောက်ကာ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ဒီဘရိုင်း က ၂၀၁၅ နွေရာသီမှာ ဝုလ်ဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပေါင် ၅၅ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ဆယ်စုနှစ်တစ်ခုအတွင်း ပြိုင်ပွဲစုံ ၄၂၁ ပွဲ ကစားခဲ့ပြီး ၁၀၈ ဂိုးသွင်းယူခဲ့ကာ အသင်းနှင့်အတူ ပရီးမီးယားလိဂ် ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဖလား ၁၆ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒီဘရိုင်းနား အနေနဲ့ ယခုရာသီကုန်မှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့တာကြောင့် ယခုရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာရမှာ ဖြစ်ပါတယ်။ (NVS 008)
22 May