“နည်းပြ ဟန်ဆီဖလစ်ခ် ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”
22 May
ဘာစီလိုနာအသင်းက နည်းပြ ဟန်ဆီဖလစ်ခ် ကို ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းတိုးကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၆၀ နှစ်အရွယ် ဟန်ဆီဖလစ်ခ် ရဲ့ မူလစာချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လအထိ ဖြစ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ခ် ဟာ ပထမဆုံးရာသီမှာပင် ဘာစီလိုနာအသင်းအတွက် ပြည်တွင်းဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလို သက်တမ်းတိုးမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ (NVS 008)
22 May