“ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့တဲ့ စပါးအသင်း”

22 May

မေလ ၂၂ ရက် နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မှာ စပါးအသင်းက မန်ယူအသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ စပါးအသင်းနှင့် မန်ယူအသင်းအတွက် အရေးကြီးတဲ့ ဖလားတစ်ခုဖြစ်သလို လာမယ့်ရာသီဉရောပချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးများနဲ့ ရင်ဆိုင်နေရတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် အခုပွဲစဉ်ဟာ အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ နှစ်ဖက်အသင်းဟာ ကစားသမားအပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင် ကစားခဲ့ကြပါတယ်။ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာ ဘရန်းနစ်ဂျွန်ဆင် က သွင်းယူခဲ့ပြီး အဆိုပါ သွင်းဂိုးတွေနဲ့ပဲ စပါးအသင်းက ယူရိုပါလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ စပါးအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနှင့် ဖိအားပေးထားခဲ့ပေမယ့် သေချာတဲ့အဆုံးသတ်မှုတွေ မရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့ ရပါတယ်။ စပါးအသင်းဟာ ယူရိုပါလိဂ်ချန်ပီယံဆုကို ရရှိခဲ့တာကြောင့် ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားကို ပြန်လည်ကိုင်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

22 May

ADVERTISE HERE .