“လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားထား”

22 May

လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်သွားရန် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ မေလ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နံပါတ်ပြားများ အတုပြုလုပ်ခြင်း၊ လိုင်စင်များအတုပြုလုပ်ခြင်းစတဲ့ လုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ညွှန်ကြားခဲ့ပါတယ်။ အခုလိုလိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သလို လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်း အခက်အခဲများ ဖြစ်ပေါ်နိုင်တဲ့ အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာစီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။ (NVS 004)

22 May

ADVERTISE HERE .