“မေလနောက်ဆုံးအပတ်အတွင်း ရန်ကုန်အပါအဝင် နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်”

22 May

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း စသဖြင့် ရာသီဥတုအခြေအနေ များ ဖြစ်ပေါ်နိုင်တယ်လို့ အထူးမိုးလေဝသသတင်းအဖြစ် အသိပေးကြေညာခဲ့ပါတယ်။ အဆိုပါရာသီဥတုအခြေအနေများကြောင့် မေလ ၂၃ ရက်မှ ၃၀ ရက်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သိပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့မှာ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့ဒေသများမှာ နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

22 May

ADVERTISE HERE .