မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်အခမ်းအနား ကျင်းပမည်

22 May

မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်အခမ်းအနားကို ယခုနှစ်ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတက္ကသိုလ်ကို ၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်မှာ မန္တလေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ယခု ၂၀၂၅ ခုနှစ်မှာ နှစ် (၁၀၀) ပြည့်မြောက်မှာ ဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၉ ရက်က ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အစည်းအဝေးတွင် မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က မန္တလေးတက္ကသိုလ်ရာပြည့် သဘင် အခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပြီး၊ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနား ဦးဆောင်ကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်း မြို့မိမြို့ဖများက ရာပြည့်သဘင်အခမ်းအနားနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရပါတယ်။(NVS 004)

22 May

ADVERTISE HERE .