ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်

22 May

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ‌သေဆုံးထိခိုက်ဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးခဲ့ရပါတယ်။ ဒါကြောင့်ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ် ဆွေးနွေးပွဲကို လာမည့် မေလ ၃၀ ရက်နှင့် ၃၁ ရက်တို့မှာ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအားပြင်းထန်စွာခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ မေလ ၂၁ ရက် အထိ ‌သေဆုံးသူ ၃,၇၂၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၈ ဦးရှိကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။(NVS 004)

22 May

ADVERTISE HERE .