ဂါဇာကမ်းမြောင်ဒေသသို့ ပထမဆုံးအကြိမ် ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်များဝင်ရောက်

22 May

နှစ်လခွဲကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာကမ်းမြောင်ဒေသသို့ ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားများ ဝင်ရောက်လာခဲ့ သည်။ သို့သော်လည်း ကူညီထောက်ပံ့ရေးပစ္စည်းများ ဒေသခံများထံ မရောက်နိုင်သေးကြောင်း ကုလသမဂ္ဂက ပြောသည်။ အစ္စရေးတပ်ဖွဲ့က သယ်ယူပို့ဆောင်ရေးခွင့်ပြုလိုက်ချိန်မှစတင်ကာ ကုလသမဂ္ဂကုန်တင်ယာဉ် ၉၃ စင်း ဂါဇာကမ်းမြောင်ဒေသသို့ မေလ ၂၀ ရက်က ဝင်ရောက်လာခဲ့သည်။ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဂါဇာ ကမ်းမြောင်ဒေသအတွင်း ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် အချိန်ယူရသည့်အတွက် ဒေသခံများထံ အကူ အညီများ ပေးအပ်နိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ အဆိုပါနေရာတွင် ဆိုးရွားပြင်းထန်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ စားရေရိက္ခာ ထောက်ပံ့မှုပြတ်တောက်ချိန် မတ်လမှစကာ ၅၈ ဦး သေဆုံးခဲ့ သည်။ ထို့အတူ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန် ပျက်ကျမှု ၃၀၀ ကျော်ရှိကြောင်း သိရသည်။ ဒေသခံ ပြည်သူများ၏ အသက်ပေါင်း မြောက်မြားစွာ ကို ကယ်တင်ရန် နေ့စဉ်ကူညီ ထောက်ပံ့ရေး ကုန်တင်ယာဉ် ၅၀၀ ခန့်လိုအပ်လျက် ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရ သည်။

22 May

ADVERTISE HERE .