“စစ်ကိုင်း၊ မန္တလေး ငလျင်ရန်ပုံငွေ Phoenix Mandalay Art Exhibition ကျင်းပမည်”
21 May
စစ်ကိုင်း၊ မန္တလေးဒေသများတွင် ဖြစ်ပွားခဲ့သောငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအား ထောက်ပံ့ ကူညီရန်နှင့် တိုက်တာအဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် Phoenix Mandalay Art Exhibition ငလျင် ရန်ပုံငွေ ပန်းချီပြပွဲ၊ ပြိုင်ပွဲနှင့် စာအုပ်ရောင်းချပွဲတော်ကို မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ၇၇လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်း ကြားရှိ ကောင်းကျော်လက်ဖက်ရည်ဆိုင် အပေါ်ထပ်ရှိ နမ္မတီပန်းချီပြခန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပန်းချီပြိုင်ပွဲတွင် ၁၆ နှစ်အောက် Child Art နှင့် ၁၆ နှစ်အထက် အလွတ်တန်းပြိုင်ပွဲအဖြစ် နှစ်မျိုးခွဲခြားကာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး မေလ ၂ဝ ရက် နောက်ဆုံးထားကာ ပန်းချီကားများကို ပေးပို့နိုင်ပါတယ်။ ပန်းချီကားများ ပေးပို့ရာတွင် တိုက်ရိုက်ကူးယူ ရေးဆွဲခြင်းမျိုးကင်းရှင်းပြီး တီထွင်ဖန်တီးမှုရှိသော ပန်းချီကားများကို ပေးပို့စေလိုကြောင်း၊ နှစ်သက်ရာဆေးပစ္စည်းများကို အသုံးပြုနိုင်သော်လည်း ထိန်းသိမ်းရန်ခက်ခဲပြီး ထိခိုက်လွယ်သော ဆေးပစ္စည်းများကို သုံးစွဲခြင်းမပြုရန်လိုကြောင်း သိရပါတယ်။ ပန်းချီပြပွဲကို ပန်းချီမြတ်နိုးသူများ၊ ပန်းချီစုဆောင်းသူများ၊ ပညာရှင်/ပိုင်ရှင်များ၊ ပြခန်းပိုင်ရှင်များက ကူညီပံ့ပိုးမှာဖြစ်ပြီး ပြပွဲတွင်ဆုရရှိသည့် ပန်းချီကားများကို ဆုများချီးမြှင့်ပေးသွားမည့်အပြင် အမှတ်တရ ပို့စ်ကတ် ထုတ်ဝေခြင်း၊ ပြက္ခဒိန်ရိုက်နှိပ်ခြင်း၊ မှတ်တမ်းစာအုပ်ထုတ်ဝေခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)