“ဒေသန္တရကျန်းမာရေးဌာနများ ဆေးဝါးလုံလောက်စွာ ဖြည့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေ”

21 May

ဒေသန္တရကျန်းမာရေးဌာနများ၌ ဆေးဝါးများလုံလောက်စွာဖြည့်ထားကာ ကျန်းမာရေးစောင့်‌ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ဒေသန္တရကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန ၁၂ ခုတို့ရဲ့ အခြေအနေနှင့်ဆက်လက်တိုးချဲ့ဆောင်ရွက်မည့် ဒေသန္တာရကျန်းမာရေးဌာနတို့ကို ကျန်းမာရေးစောင့်‌ရှောက်မှုများ တိုးမြှင့်နိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ (NVS 004)

21 May

ADVERTISE HERE .