“မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ရတဲ့ တိပိဋကနိကာရကျောင်းတော်ကြီးကို ရှင်းလင်းမှုများစတင်”

21 May

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ရတဲ့ မင်းကွန်းဆရာတော်ဘုရားကြီး ထူထောင်ခဲ့သည့် မင်းကွန်း တောင်ရိုး မိုးမိတ်ကုန်းမြေမှာတည်ရှိသော တိပိဋကနိကာရ ကျောင်းတော်ကြီးကို မေလ ၂၀ ရက် နံနက်ပိုင်းမှစ၍ ရှင်းလင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။ အခုလိုရှင်းလင်းမှုများလုပ်ဆောင်ရာမှာ သိမ်တော်ကြီး အပါအဝင် သံဃာသီတင်းသုံးဆောင် ၃ ဆောင်ကို ရှင်းလင်းလျက်ရှိပြီး အခြားအဆောင်များကို အတွေ့အကြုံရှိအင်ဂျင်နီယာများက စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါတယ်။ အဆိုပါရှင်းလင်းမှုကို TSBM အဖွဲ့က လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး၊ ရှင်းလင်းမှုများ ဆောင်ရွက်ရန် မေလ ၁၈ ရက်မှစတင်၍ မန္တလေးမြို့မှ မင်းကွန်းတောင်ရိုးသို့ စက်ယန္တယားများဖြင့် ‌ထွက်ခွာခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

21 May

ADVERTISE HERE .