“မေလ ၂၂ ရက်ကနေ စတင်ကာ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ ကျောင်းအပ်လက်ခံမည်”
21 May
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့မှာ ကျောင်းအပ်လက်ခံမှုများကို ယခုလ မေလ ၂၂ ရက်မှစတင်ကာ လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် KG တန်းမှ G-12 အထိ အတန်းအားလုံး ကို မေလ ၂၂ ရက်မှစတင်လက်ခံမည်ဖြစ်ပြီး ဘော်ဒါဆောင်နေထိုင်လိုတဲ့ ကျောင်းသား/သူများကိုလည်း G-3 မှ G-12 အထိ ဖွင့်လှစ်သွားမှာဖြစ်တဲ့အပြင် နေ့တက်ကျောင်းကားများကို စီစဉ်ပေးမှုများ ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် အတန်းအလိုက်ပညာသင်ကြားမည့် ဆရာ/ ဆရာမများ ရှားပါးနေတာကြောင့်အထက်တန်းအပါအဝင် အလယ်တန်း၊ မူလတန်းပြဆရာ ဆရာမများကို ခေါ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။ ယခုစာသင်နှစ်အတွက် လားရှိုးမြို့မှာ အစိုးရကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်မှ စတင်လက်ခံသွားမည်ဖြစ်ပြီး၊ အစိုးရကျောင်းကျောင်းပေါင်း ၃၉ ကျောင်းရှိတယ်လို့ သိရပါတယ်။ (NVS 004)