“မျိုးရိုးဗီဇပြောင်းကိုဗစ်ပိုးကာကွယ်ဆေး ထိုးနှံပေးမည်”
21 May
ကူးစက်လွယ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အိုမီခရွန်အုပ်စုကနေ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN.1 အုပ်စုနဲ့ နောက်ဆက်တွဲ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်မဲ့ Pfizer COVID-19 Vaccine JN.1 ကိုဗစ်ကာကွယ်ဆေးကို အခုမေလအတွင်း ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါကာကွယ်ဆေးတွေကို GAVI Support for C 19 Vaccination အစီအစဉ်နဲ့ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B 1.5 ကို ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးတဲ့သူတွေအပါအဝင် စုစုပေါင်း ပြည်သူ ၂၂ သန်း ၈ သိန်းကျော်ကို ထိုးနှံပေးခဲ့ တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း မေလ ၄ ရက်ကနေ ၁၇ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉ ဦး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း မေလ ၁၁ ရက်ကနေ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ် အတည်ပြုလူနာသစ်တစ်ယောက် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)