ကုန်ဈေးနှုန်းသတင်း ၂၀.၅.၂၀၂၅
20 May
မေလ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက် ကျဆင်းနေပြီး ပဲတီစိမ်းနဲ့ ထောပတ်ပဲဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီးဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အာလူးဈေး တွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၇,၉၃၉ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၀၆၄ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၀၅ ကျပ်ကနေ ၅,၀၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၃,၈၅၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၆၆၅ ကျပ်ကနေ ၇,၅၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၀၈၅ ကျပ်ကနေ ၄,၉၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၈၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၁၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၄၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၇၅၀ ကျပ်၊ မန္တလေးမှာ ၂,၈၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၃၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၀၅ ကျပ်၊ မန္တလေးမှာ ၂,၉၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၈၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၀ ကျပ်၊ မန္တလေးမှာ ၂,၄၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၀၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၈၅၅ ကျပ်၊ မန္တလေးမှာ ၂,၉၆၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၇၁၀,၀၀၀/-) ငါးဆယ် ခုနစ်သိန်း တစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၇,၄၈၀,၀၀၀ိ/-) ခုနစ်ဆယ် လေးသိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။