“ဖျာပုံမြို့နယ်ရှိ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ်ကောင်းနေ”

20 May

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များကို ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်မှ လက်ရှိအချိန်ထိ ဝယ်လိုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိနေကြောင်း သိရပါတယ်။ ဖျာပုံမြို့နယ်ရှိ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များအနေနဲ့ ငါးပိ၊ ငါးခြောက်များကိုပြုလုပ်ပြီး ငါးကွမ်းရှပ်ခြောက်များအပါအဝင် အခြားငါးခြောက်များကို စနစ်တကျထုတ်လုပ်ကာ ရောင်းချပြီး ဒေသမှထုတ်လုပ် ရောင်းချသည့် ငါးကွမ်းရှပ်ခြောက်များမှာတော့ လက်ရှိမှာ တစ်ရက်လျှင်ပိဿာချိန် ၂,၅၀၀ မှ ၄,၅၀၀ အထိ အရောင်း အဝယ် ဖြစ်နေပါတယ်။ ငါးကွမ်းရှပ်ခြောက်များအပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းမှုကြောင့် အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ပြီး ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၂၀၅,၀၀၀ အထိဈေးရရှိနေပါတယ်။ ငါးကွမ်းရှပ်ခြောက်များ ဝယ်ယူမှုမြင့်တက်လာခြင်းကြောင့် ငါးကွမ်းရှပ်ခြောက်လုပ်ငန်း လုပ်ကိုင်နေသူများအနေနဲ့ ဝင်ငွေ ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

20 May

ADVERTISE HERE .