“BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲကျင်းပမည်”

20 May

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင်လ ၇ ရက်မှ ၁၂ ရက်ထိကျင်းပမည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမလူရွေးချယ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရပါ တယ်။ BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 ပြိုင်ပွဲတွင် အသက် ၂၃ နှစ်အောက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ အသက် ၁၇ နှစ်အောက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၅ နှစ်အောက် အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး Mixed Team နှင့် Individual Events ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားပါတယ်။ ပဏာမလူရွေးချယ်ပွဲကို မေလ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများ အနေနဲ့ မေလ ၂၄ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ အသင်းအုပ်ချုပ်သူ၊ နည်းပြအစည်းအဝေးကို မေလ ၂၅ ရက်တွင် ကျင်းပမှာဖြစ်ပါတယ်။ ကစားသမားများရွေးချယ်ရာတွင် အသက် ၁၅ နှစ်အောက်ကစားသမားများနှင့် အသက် ၁၇ နှစ်အောက် ကစားသမားများအား ရွေးချယ်သွားမည်ဖြစ်ပြီး အသက် ၂၃ နှစ်အောက် ကစားသမားများကို Sea Games ကစားသမား များထဲမှ ရွေးချယ်သွားမည်ဖြစ်ရာ ပဏာမလူရွေးချယ်ပွဲတွင် တစ်ဦးချင်းယှဉ်ပြိုင်သည့်စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၇၉၄၅၁၅၈၄၉ သို့ ဆက်သွယ်နိုင်သလို မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သို့ လူကိုယ်တိုင်လာရောက်၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

20 May

ADVERTISE HERE .