“စက်တင်ဘာလ ၂၂ ရက်မှာ ၂၀၂၅ ခုနှစ် Ballon d'Or ဆုပေးပွဲ ကျင်းပမည်”
20 May
၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို စက်တင်ဘာလ ၂၂ ရက်မှာ ကျင်းပမည်ဖြစ်ပြီး ဆန်ခါတင် ၃၀ ဦး စာရင်းကို သြဂုတ်လတွင် ထုတ်ပြန်ကြေညာသွားမယ်လို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။ Ballon d'Or ဆုမှာ ဘောလုံးရာသီတစ်ခုအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ဘောလုံးသမားကို ရွေးချယ် ချီးမြှင့်သည့်ဆုဖြစ်တာကြောင့် ပရိသတ်များက စိတ်ဝင်စားကြသလို၊ ကစားသမားများကလည်း တန်ဖိုးထားကြ ပါတယ်။ ယင်းဆုကို ၁၉၅၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး လက်ရှိအချိန်အထိ ဆုရရှိသည့်ကစားသမား ၄၆ ဦးရှိနေပြီး အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က (၈) ကြိမ်နဲ့ ဆုတံဆိပ်အများဆုံးရယူနိုင်သည့် ကစားသမားအဖြစ် ဦးဆောင် နေပြီး နောက်ဆုံးရရှိထားသည့်ကစားသမားမှာ စပိန်ကွင်းလယ်ကစားသမား ရိုဒရီ ဖြစ်ပါတယ်။ (NVS 008)
20 May