“ထာဝရအကောင်းဆုံးဘောလုံးသမားများစာရင်း IFFHS မှ ထုတ်ပြန်”

20 May

နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့(IFFHS) သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဘောလုံး သမား ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ IFFHS မှ ထုတ်ပြန်ခဲ့သော ထာဝရအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ထိပ်ဆုံးနံပါတ် ၁ နေရာ၌ ရပ်တည်ခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင် ပီလီက ဒုတိယ၊ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ က တတိယ၊ စီရော်နယ်ဒို က စတုတ္ထနေရာ ရပ်တည်ခဲ့ပြီး ယိုဟန်ခရိုက်ဖ်(နယ်သာလန်)၊ ရော်နယ်ဒို(ဘရာဇီးလ်)၊ ဇီဒန်း(ပြင်သစ်)၊ ဘက်ကင်ဘောင်ဝါ(ဂျာမနီ)၊ ဒီစတီဖာနို(အာဂျင်တီးနား)၊ ရော်နယ်လ်ဒင်ဟို(ဘရာဇီးလ်)တို့က အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။ အဆိုပါစာရင်းထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပဲ စီရော်နယ်လ်ဒို ကို အဆင့်(၄)နေရာသာ သတ်မှတ်ခြင်းကို ဝေဖန်မှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ စီရော်နယ်ဒို က လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခြင်း မရှိသေးပေမယ့် ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ မန်ယူ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့် ဆုဖလားများစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးလောက၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းနှင့် Ballon d'Or ဆုကို (၅) ကြိမ်ရရှိခဲ့သူဖြစ်တာကြောင့် ပီလီ နှင့် မာရာဒိုနာ တို့ရဲ့အထက်မှာ သတ်မှတ်ခံရသင့်တယ်လို့ ထောက်ပြနေကြပါတယ်။ (NVS 008)

20 May

ADVERTISE HERE .