“မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းလေ့ကျင့်မှုအစီအစဉ်စတင်”

20 May

၂၀၂၆ အာရှဖူဆယ်ခြေစစ်ပွဲနှင့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတို့၌ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းက ပထမဆုံးလေ့ကျင့်မှုအစီအစဥ်အဖြစ် မေလ ၁၉ ရက်နံနက် ၈ နာရီက MFF Futsal Stadium မှာ ပြုလုပ်ခဲ့ ကြပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တို့မှာ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကာ ကစားသမား ၁၉ ဦး၊ အုပ်ချုပ်နည်းပြ ၉ ဦးပါဝင်ကာ လေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ယခုနှစ် စက်တင်ဘာလတွင် ၂၀၂၆ အာရှဖူဆယ်ခြေစစ်ပွဲနှင့် ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 May

ADVERTISE HERE .