“ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုးမျိုးကွဲဖြစ်သည့် အိုမီခရွန် XEC အမျိုးအစား ကူးစက်ပျံ့နှံ့မှုများပြားလာ”

20 May

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲဖြစ်သည့် အိုမီခရွန် XEC အမျိုးအစား ကူးစက်ပျံ့နှံ့မှု များပြား လာသဖြင့် ရောဂါစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နေကြောင်း ဗွီအင်န်အိတ်ပရတ်စ် သတင်းဌာန သတင်းအရ သိရသည်။ ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၄ ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၇၁,၀၆၇ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ သတင်း အချက် အလက်စင်တာ၏ ပြောကြားချက်အရ သိရသည်။ နိုင်ငံအတွင်း ဆုန်ခရန်ပွဲတော်ကျင်းပခဲ့ပြီးနောက် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများ အတွင်းကစတင်၍ အိုမီခရွန် XEC ကူးစက်မှုများကို တွေ့ရှိရ သဖြင့် နိုင်ငံသားများအား မကြာခဏလက်ဆေးရန်နှင့် လူစုလူဝေးနေရာများတွင် နှာခေါင်းစည်းဝတ်ဆင်ရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။ အိုမီခရွန် XEC အမျိုးအစားသည် အိုမီခရွန် ဗိုင်းရပ်စ်နှစ်ခုဖြစ်သည့် KS.1.1 (FLIRT) နှင့် KP.3.3 (FLuQE) တို့ ပေါင်းစပ်ထားခြင်းဖြစ်ကာ ကူးစက်မှုမြန်ဆန်ပြီး လက်ရှိအချိန်တွင် ဥရောပ၊ မြောက်အမေရိကနှင့်အာရှဒေသတို့ရှိ နိုင်ငံ ၁၅ ခု တွင် ကူးစက်မှုများကို တွေ့ရှိနေရကြောင်း သိရသည်။

20 May

ADVERTISE HERE .