“အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြော”
20 May
အစ္စရေး က ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု က မေလ ၁၉ ရက် တွင်ပြောသည်။ အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ စစ်ဆင်ရေးကိုတိုးမြှင့်လုပ်ဆောင်လာနေစဉ် နေတန် ယာဟုက ယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသသို့ အခြေခံစားကုန်များ သာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ထိုသို့ဆုံးဖြတ်ရခြင်းသည် သံတမန် ရေး အကြောင်းပြချက်များအတွက် အငတ်ဘေးဆိုက်မှုကိုကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု နေတန် ယာဟု က ပြောသည်။ နေတန်ယာဟု က ယခုအချိန်တွင် ၎င်းတို့၏တိုက်ခိုက်မှု အရှိန်ပိုမိုပြင်းထန်လာသလို တိုးတက်မှုများလည်းရှိနေကြောင်း ၎င်းတို့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းသိမ်းသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံသည် ၎င်းတို့၏အဓိကအမာခံထောက်ပံ့သူဖြစ်သည့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ၏ဖိအားများကို ရင်ဆိုင်နေရကာ လွန်ခဲ့သောနှစ်လခန့်ကတည်းက ဂါဇာဒေသအပေါ် ဝိုင်းပတ်ပိတ်ဆို့ ထားမှုများကို ဖယ်ရှားပေးရန် နိုင်ငံတကာ က တောင်းဆိုထားခြင်း ဖြစ်သည်။ ဂါဇာဒေသ၌ အစ္စရေးတို့၏ ပိတ်ဆို့ထားမှုများကြောင့် အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း၊ ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၂၂ ရာခိုင်နှုန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များက မေလတွင် ထုတ်ပြန်ထားသည်။ အစ္စရေးက ထိုကဲ့သို့ပိတ်ဆို့ထားခြင်းသည် ဂါဇာကမ်းမြောင် ဒေသရှိ ဟားမတ်စ်အဖွဲ့အနေဖြင့် အလျှော့ပေးလာစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အစ္စရေးအစိုးရ က ပြောထားသည်ဟု TST သတင်းဌာနဖော်ပြချက်အရ သိရသည်။