“မန္တလေးငလျင်ကြီးအလွန် နောက်ဆက်တွဲ ငလျင် ၂၀၀ နီးပါး လှုပ်ခတ်ထား”
20 May
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် မေလ ၁၈ ရက်အထိ နောက်ဆက်တွဲ ငလျင်များ ၁၇၆ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါငလျင်များမှ ရစ်(ခ်)တာစကေး ၅ အထက် အင်အား အသင့်အတင့်ရှိတဲ့ ငလျင် ၈ ကြိမ်အထိ လှုပ်ခတ်ထားကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် နံနက်အစောပိုင်းမှာလည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၏ တောင်ဘက် ၂၉ မိုင်ခန့် အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေးအဆင့် ၅ ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် မေလ ၁၇ ရက်ကလည်း လှုပ်ခတ်ခဲ့တဲ့ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ကြောင့် မန္တလေးငလျင် ရှောင်ယာယီတဲ ပြိုကျပျက်စီးခဲ့သလို အသက်ဆုံးရှုံးသွားခဲ့ရသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုမှာ မေလ ၁၉ ရက်အထိ သေဆုံးသူ ၃,၇၂၈ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ရှိခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 004)