"မသန်စွမ်းသူများကို အမိုးအကာများနှင့်အိမ်သုံးပစ္စည်းများ ထောက်ပံ့မည်"
20 May
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူများကို စားနပ်ရိက္ခာများ၊ အရေးပေါ်ဆေးဝါးများ၊ အိမ်သုံး ပစ္စည်းများနှင့် အမိုးအကာများကို ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူ ၈၅၀ ဦးအပါအဝင် ငလျင်ဘေးသင့် အိမ်ထောင်စု စုစုပေါင်း ၄,၅၄၀ စုကို အခြေခံ စားသောက်ကုန်များ၊ အရေးပေါ်ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများ ပံ့ပိုးထားရှိပြီးဖြစ်ကြောင်း သိရပါတယ်။ လာမယ့် ၂ ပတ်အတွင်း မသန်စွမ်းအိမ်ထောင်စု ၇၂၀ ကျော်ကို ၁ လစာ စားနပ်ရိက္ခာများ၊ အရေးပေါ်ဆေးဝါး များ၊ အိမ်သုံးပစ္စည်းများနှင့် အမိုးအကာများ ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ မတ်လ ၂၉ ရက်မှ မေလ ၁၅ ရက် ထိ ငလျင်ဘေးသင့်ပြည်သူများကို ကူညီပံ့ပိုးပေးရန်အတွက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ထံသို့ လှူဒါန်းသော အလှူရရှိငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁,၉၅၇ ကျော် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)