" ကျိုက်မရောမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ပေးနေ"

20 May

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါချေးငွေများကို မေလ ၁၉ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ တောင်သူများထံ စတင်ထုတ်ချေးပေးလျက် ရှိကြောင်း သိရပါတယ်။ မိုးရာသီမှာ လယ်သမားများအနေနဲ့ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက် နိုင်စေရန်အတွက် ယခင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်မရှိသည့် တောင်သူများအား အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ဦးစားပေး ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ အခုလိုထုတ်ချေးရာမှာ မိုးစပါးတစ်ဧကကို ၁၅၀,၀၀၀ နှုန်းနဲ့ ထုတ်ပေးခြင်းဖြစ်ပြီး ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှာ ၂၀၂၅ ခုနှစ် လျာထားဧက ၉,၀၀၀ အတွက် ချေးငွေကျပ်သိန်းပေါင်း ၁,၁၀၀၀ ကျော် ထုတ်ချေးပေးရန်လျာထားကြောင်း သိရပါတယ်။ (NVS 004)

20 May

ADVERTISE HERE .