“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည့်”
20 May
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေများကို မေလ ၁၉ ရက်ကနေ စတင်ကာ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိတယ်လို့ သိရပါတယ်။ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ချေးငွေ အရင်း၊ အတိုးများပါ အကျေပေးဆပ်ပြီးတဲ့ တောင်သူများကို မိုးရာသီ စိုက်ပျိုးချိန်အမီ ယခင်နှစ်နည်းတူ တစ်နှစ်ကို အတိုးနှုန်း ငါးရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ တောင်သူဦးကြီးများအနေနဲ့ ချေးငွေများထုတ်ချေးပေးလျက်ရှိရာမှာ ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေ အသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး ထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)