“အစိုးရမျက်မမြင်ကျောင်းများမှ ကျောင်းသား/သူ သစ်များကို ခေါ်ယူနေ”

20 May

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကြည်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းကျောင်းတို့မှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်သား/သူသစ် များကို တက်ရောက်နိုင်ရန် ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မျက်မမြင်ကျောင်းများမှာ မျက်စိလုံးဝမမြင်ရသူများ၊ အမြင်အားဖြင့် ၁/၁၀ ထက်ပို ၍ မမြင်ကြသူများ၊ ကုသ၍မရသော မျက်မမြင်သူများကို လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တက်ရောက်လိုသောကျောင်းသားများအနေနဲ့ အသက် ၆ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိသူ၊ အိမ်ထောင်မရှိ သူ၊ မိဘ(သို့မဟုတ်) အုပ်ထိန်းသူရှိရသူ၊ အမြင်အာရုံမသန်စွမ်းမှုူမှအပ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး စာပေနှင့် အသက်မွေးဝမ်းကျောင်းများကို သင်ယူလိုစိတ်ရှိသူ လာရောက်လျှောက်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကျောင်းများမှာ တက်ရောက်ခွင့်ရရှိကြတဲ့ ကျောင်းသား/သူများကို စားသောက်နေထိုင်ရေးများကို နိုင်ငံတော် က တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းဝင်ကြေးနှင့်ကျောင်းအပ်ခများ ပေးသွင်းရန် မလိုအပ်ကြောင်း သိရပါတယ်။ တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများအနေနဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံနှင့်အတူ ပတ်စပို့ဓာတ်ပုံ ၄ ပုံ၊ ဖွားစာရင်းမူရင်းနှင့်မိတ္တူ၊ မိဘနှစ်ဦးရဲ့ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူထံမှ နေထိုင်ကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဌာနမှ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံး များမှ တစ်ဆင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း-၀၆၇-၄၀၄၂၅၂၊ ကြည်မြင်တိုင်မျက်မမြင်ကျောင်းဖုန်း ၀၁-၉၃၁၇၀၇၀၊ ၀၁-၉၃၁၇၁၂၆၊ ၀၉၄၂၀၁၃၈၆၆၁ နှင့် စစ်ကိုင်း မျက်မမြင်ကျောင်း ဖုန်း-၀၇၂-၂၂၂၃၇၊ ၀၉-၄၀၂၆၄၅၁၇၃ တို့ကို(ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။ (NVS 004)

20 May

ADVERTISE HERE .