“မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဒိုင်ယာ”
19 May
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ အဲရစ်ဒိုင်ယာ ဟာ ဇူလိုင်လ ၁ ရက်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၇ ပွဲသာ ကစားခွင့်ရခဲ့တဲ့ ဒိုင်ယာ ဟာ အသင်းမှာ ဆက်နေခွင့်ကို ပယ်ချခဲ့ပြီး နောက် အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဒိုင်ယာဟာ ၂၀၂၄ ဇန်နဝါရီလမှာ ၆ လအငှားစာချုပ်နဲ့ ဘိုင်ယန်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ ဘိုင်ယန်အသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ မိုနာကိုအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်လို့ ဒိုင်ယာဟာ ၂၀၂၈ ဇွန်လအထိ ပြင်သစ်ကလပ်အတွက် ကစားပေးရတော့မှာဖြစ်ပြီး အလိုအလျောက် ၁ နှစ် သက်တမ်းတိုးခွင့်ကိုလည်း သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။ ဒိုင်ယာဟာ အခုရာသီမှာ ကစားသမားဘဝ ပထမဆုံးဆုဖလား ရယူနိုင်မှုအဖြစ် ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုနာကိုအသင်းရဲ့ လူမှုကွန်ရက်မှာ မိုနာကိုအသင်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ဒိုင်ယာက အသင်းသစ်နဲ့အတူ ပွဲထွက်ကစားဖို့ကို မစောင့်နိုင်တော့ပါဘူးလို့ ပြောထားပါတယ်။ (NVS 008)