“နာမည်ကြီး မန်စီးတီးကို အနိုင်ယူပြီး အင်္ဂလန် FA ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း”
19 May
ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ အင်္ဂလန် FA Cup ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီး အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိကာ ဗိုလ်စွဲသွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မန်စီးတီအသင်းကို ပွဲချိန်အစောပိုင်းမှာတင် တန်ပြန်တိုက်စစ် ကနေတစ်ဆင့် အနိုင်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပြန်လည်ဖိအားပေးကစားခဲ့ပေမယ့်လည်း ဂိုးရပိုင်ခွင့်တွေမှာ လွဲချော်ခဲ့ရပြီး ပယ်နယ်တီကန်ခွင့်ရတဲ့ အခွင့်အရေးကိုလည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ် ဟာ အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအဖြစ် FA ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲရှုံးပွဲကြောင့် မန်စီးတီးအသင်းရဲ့ မန်နေဂျာ ဂွါဒီယိုလာ ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးဖလားလက်မဲ့ရာသီတစ်ခု ဖြစ်လာခဲ့ပါတယ်။ (NVS 008)
19 May