“အီတာလီယံအိုးပင်းမှာ နှစ် ၄၀ အတွင်း ပထမဆုံးချန်ပီယံဖြစ်ခဲ့တဲ့ အီတလီတင်းနစ်မယ် ဂျက်စမင် ပီအိုလီနီ”

19 May

မေလ ၁၇ ရက်က ကျင်းပခဲ့တဲ့ အီတလီယံအိုပင်း (Italian Open) တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးပွဲစဉ် ဗိုလ်လုပွဲမှာ အီတလီတင်းနစ်မယ် ဂျက်စမင် ပီအိုလီနီ က ပြိုင်ဘက် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ပီအိုလီနီ ရဲ့နိုင်ပွဲဟာ နှစ်ပေါင်း ၄၀ အတွင်း အီတလီအိုးပင်းပြိုင်ပွဲရဲ့ တစ်ဦးချင်းပွဲစဉ်တွေမှာ အီတလီ လူမျိုးတွေအနိုင်မရခဲ့တဲ့ အခြေအနေကို ပြောင်းလဲသွားစေခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်(၄) ဖြစ်တဲ့ ပါအိုလီနီ ဟာ ကမ္ဘာ့နံပါတ်(၂) အဆင့်ရှိတဲ့ ကိုကိုဂတ်ဖ် ကို အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ကိုကိုဂတ်ဖ် အနိုင်ရရှိနိုင်မယ်လို့ သုံးသပ်ထားကြပေမယ့် ပီအိုလီနီ က ၆-၄ ၊ ၆-၂ ဆိုတဲ့ရလဒ်နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

19 May

ADVERTISE HERE .