“အီတာလီယံအိုးပင်းရဲ့ ဗိုလ်လုပွဲမှာ ဆင်နာ ကို ၂ ပွဲပြတ်အနိုင်ရရှိကာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ကာရက်ဇ်”
19 May
မေလ ၁၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတာလီယံအိုးပင်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲ ပွဲစဉ်မှာ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က အီတလီတင်းနစ်သမား ဆင်နာ ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အီတာလီယံအိုးပင်းပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အီတာလီယံအိုးပင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ဆင်နာ နှင့် ကမ္ဘာ့အဆင့် (၃) စပိန်တင်းနစ်သမား အယ်ကာရက်ဇ် တို့ဟာ အပြန်အလှန်ရိုက်ချက်များနဲ့ တစ်ဦးနှင့်တစ်ဦး ဖိအားပေးကစားထား နိုင်ခဲ့ကြပြီး စိတ်လှုပ်ရှားဖွယ်အပြည့်ပေးစွမ်းနိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ အယ်ကာရက်ဇ် က ဆင်နာ ကို ၇-၆၊ ၆-၁ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး အီတာလီယံအိုးပင်းချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဂရင်းစလန်ချန်ပီယံဆုကို ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ အယ်ကာရက်ဇ် ဟာ တင်းနစ်ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အီတာလီယံအိုးပင်း ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆင်နာ ဟာ အခုရှုံးပွဲကြောင့် ၂၆ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပါတယ်။ (NVS 008)