“ဂါဇာဒေသတွင် တိုက်ခိုက်မှုများရပ်တန့်ရန် အာရပ်နိုင်ငံများမှခေါင်းဆောင်များ တောင်းဆို”

19 May

ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ဂါဇာဒေသမှပါလက်စတိုင်းများအား အင်အားသုံး ရွှေ့ပြောင်း မည့်ကိစ္စကို လက်မခံကြောင်း အာရပ်နိုင်ငံများမှ ခေါင်းဆောင်များက မေလ ၁၇ ရက်တွင် ပြောကြားသည်။ အီရတ် နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲတွင် ထုတ်ပြန် သည့် ကြေညာချက်တွင် အာရပ်နိုင်ငံ ၂၂ နိုင်ငံမှ ခေါင်းဆောင်များက အထက်ပါအချက်များကို ထည့်သွင်း ကြေညာ ခဲ့ခြင်း ဖြစ်သည်။ ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးပြီးစီးစေရေးနှင့် ဂါဇာ ဒေသ သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်း နှင့်သက်ဆိုင်ရာနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။ ဂါဇာဒေသမှ ပါလက်စတိုင်းများအား အင်အားသုံး၍ ရွှေ့ပြောင်းစေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာရပ်နိုင်ငံများမှ ခေါင်းဆောင်များက ပြောကြားသည်။ ထို့ပြင် ဂါဇာဒေသ ပြန်လည် တည်ထောင်ရေးအတွက် နိုင်ငံရေး၊ ငွေကြေးနှင့် ဥပဒေစည်းမျဉ်းများဖြင့် ပံ့ပိုးပေးကြရန် ကမ္ဘာ့နိုင်ငံများအား တောင်းဆိုခဲ့ပြီး ဂါဇာဒေသပြန်လည်တည်ထောင်ရေးရန်ပုံငွေသတ်မှတ်ခဲ့သည့် အီရတ်နိုင်ငံအား ကျေးဇူးတင်ရှိ ကြောင်း အာရပ်နိုင်ငံများမှခေါင်းဆောင်များက ပြောကြားသည်။ ပါလက်စတိုင်းများ၏ရပိုင်ခွင့်များကို အသိအမှတ် ပြုကြောင်းနှင့် အစ္စရေး၏ပါလက်စတိုင်းများအပေါ် အနိုင်ယူနေသည့် ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်း ၎င်းတို့က ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးညီလာခံကျင်းပရန်နှင့် နှစ်ပြည်ထောင် ဖြေရှင်းချက် ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရပ်ခေါင်းဆောင်များက ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ် အား တောင်းဆိုခဲ့သည်။ ထို့ပြင် အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း ၎င်းတို့ က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

19 May

ADVERTISE HERE .