"ငွေကျပ် ၃၀ ဘီလျံအသုံးပြုကာ KBZ Center Mandalay တည်ဆောက်နေ”
19 May
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းx ၁၁၀ လမ်းမှာ KBZ Center Mandalay ကို ငွေကျပ် ၃၀ ဘီလီယံအသုံးပြုကာ တည်ဆောက်နေတယ်လို့ သိရပါတယ်။ အဆိုပါစင်တာကို မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူပြည်သူ များကို ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ KBZ Center Mandalay ကို ၁၆ ဧက ကျယ်ဝန်းသော မြေကွက်ပေါ်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ KBZ Center Mandalay မှာ စိတ်ကျန်းမာရေး အပါအဝင် လူနာ ၇၀၀ ခန့် နေ့စဥ်အခမဲ့ ကုသနိုင်တဲ့ ဆေးကုသ ခန်းများ၊ ၂၄ နာရီ Call Center ပါဝင်သည့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ လူ ၂၀,၀၀၀ နေ့စဥ် အခမဲ့စားသုံးနိုင်မည့် နေ့လည်စာ၊ ညစာထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေ နေ့စဥ်အခမဲ့ ဖြန့်ဖြူးပေးခြင်း၊ အခမဲ့အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များ စီစဥ်ထားရှိခြင်းနှင့် အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များ ထားရှိတယ်လို့ သိရပါတယ်။ KBZ Foundation က မန္တလေးငလျင်အတွက် ၄၅ ဘီလီယံ မတည်လှူဒါန်းထားတဲ့အနက် ငလျင်ဘေးသင့် ပြည်သူများကို အနည်းဆုံး ၁ နှစ်မှ ၅ နှစ်အထိ ရေရှည်ကူညီပေးနိုင်ရန် စီစဉ်လျက်ရှိပြီး လက်ရှိမှာ ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရပါတယ်။ ( NVS 004)