“လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ”

19 May

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းကို လဟယ်မြို့ရဲ့ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာရှိ ဟွေထိုက်ချောင်းပေါ်မှာ တည်ဆောက်လျက်ရှိပြီး စီမံကိန်းမှာ အမြင့်ပေ‌ ၈၂ ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား ၁၇၈၃ ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ ဟွေထိုက် ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ်ပျှမ်းမျှ ဓာတ်အား ၂၁ ကီလိုဝပ်နာရီသန်းခန့်ကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်၍ လက်ရှိအချိန်မှာ ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ ( NVS 004)

19 May

ADVERTISE HERE .