“အခွန်ပေးဆောင်ခြင်းမရှိတဲ့အေဂျင်စီများအား လိုင်စင်ပယ်ဖျက်၍ အမည်မည်း(BlackList) စာရင်းရေးသွင်းမည်”

19 May

အခွန်စည်းကြပ်မှုခံယူခြင်းမရှိတဲ့ အေဂျင်စီ ၂၈ ခု ရှိပြီး မေလ ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံး များမှာ အခွန်စည်းကြပ်မှုခံယူကာ အချိန်မီတင်ပြကြရန်နှင့် အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ပယ်ဖျက်၍ အမည်မည်း (Black List) စာရင်းရေးသွင်းမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ နိုင်ငံအလိုက်အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံး ထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြရန် ၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်က အသိပေးထားခဲ့တယ်လို့ သိရပါတယ်။ အခွန်စည်းကြပ်မှုခံယူရမယ့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ အေဂျင်စီများအား ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နောက်ဆုံးထားကာ အခွန်စည်းကြပ်မှုခံယူကြဖို့ ၂၀၂၅ ခုနှစ် မေလ ၉ ရက်မှာ သက်ဆိုင်ရာအေဂျင်စီများထံသို့ ထပ်မံအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။ ( NVS 004)

19 May

ADVERTISE HERE .