လိုင်ယွန်အသင်းမှ ထွက်ခွာမည့် တိုက်စစ်မှူး လာကာဇက်တီ

18 May

လိုင်ယွန်အသင်းတိုက်စစ်မှူး လာကာဇက်တီ အနေနဲ့ ယခုနှစ်ဘောလုံးရာသီအကုန်တွင် လိုင်ယွန်အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ လက်ရှိအချိန်တွင် လိုင်ယွန်အသင်းရဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်ကမ်းလှမ်းလာမှုကို လက်မခံဘဲ အသင်းမှ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှုး လာကာဇက်တီ ကို ဆော်ဒီပရိုလိဂ်နှင့် မေဂျာလိဂ်ကလပ်အသင်း များက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ လာကာဇက်တီ ဟာ လိုင်ယွန်အသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃ မှ လက်ရှိဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၁၁၅ ပွဲကစားပြီး ဂိုး ၇၀ အထိသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

18 May

ADVERTISE HERE .