အက်စတွန်ပီလာအသင်းနည်းပြဘဝ ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တဲ့ နည်းပြ အူနိုင်းအမ်မရီ

18 May

အက်စတွန်ဗီလာအသင်း နည်းပြ အူနိုင်းအမ်မရီ ဟာ အသင်းနည်းပြဘဝ ပရီးမီးယားလိဂ်ပွဲပေါင်း ၁ဝဝ ပြည့်မြောက်တဲ့ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ခဲ့ပါတယ်။ နည်းပြ အူနိုင်းအမ်မရီ အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းက စပါးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်ကို ကိုင်တွယ်ပြီးနောက် အခုလို မှတ်တမ်းတစ်ရပ်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အူနိုင်းအမ်မရီ က အက်စတွန်ဗီလာအသင်းအား ပရီးမီးယားလိဂ်ပွဲပေါင်း ၁ဝဝ ကိုင်တွယ်ပြီး နိုင်ပွဲ ၅၄ ပွဲ အထိ ရယူထားနိုင်ခဲ့ပါတယ်။(NVS 008)

18 May

ADVERTISE HERE .