ရီးရဲလ်မက်ဒရစ်က နည်းပြသစ်အလွန်ဆိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ထုတ်ပေးမည်ဟု ပြောကြား
18 Mayရီးရဲလ်မက်ဒရစ်အသင်းက လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းကို အကောင်းဆုံးတည်ဆောက် နိုင်ရန်အတွက် နည်းပြသစ် အလွန်ဆို အတွက် ပြောင်းရွှေ့ကြေးအသုံးစရိတ် ယူရို သန်း ၂၀၀ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် နည်းပြသစ် အလွန်ဆို က ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းမှ ကွင်းလယ်ကစား သမား ဗီတင်ဟာ ကို ယူရိုသန်း ၁၁၀ အထိ သုံးစွဲခေါ်ယူရန် ပစ်မှတ်ထားနေပြီး လီဗာပူးအသင်းမှ ကွင်းလယ်ကစား သမား အယ်လစ်စတာနှင့် ဆိုစီဒက်အသင်းမှ ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ တို့ကိုလည်း ဦးစားပေးခေါ်ယူရန် လျာထားစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမည့်နွေရာသီတွင် အသင်းကွင်းလယ်ကစားသမား မိုဒရစ် နဲ့ ခံစစ်ကစား သမား ဗက်ကွက်ဇ် တို့ကို အလွတ်ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် နည်းပြသစ် အလွန်ဆို က ကွင်းလယ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ခြေစွမ်းပြကစားသမားများကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိနေပါတယ်။(NVS 008)