သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်လံကြည့်ရှုအားပေး

18 May

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် မေလ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းအတွင်း ကျင်းပလျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိတဲ့ အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးပါတယ်။ ပြည်ထောင်စုဝန်ကြီးက အရောင်းပြခန်းများ၌ ပြသရောင်းချလျက်ရှိသော ဘိလပ်မြေရောင်းဝယ်မှု အခြေအနေများ၊ သံ၊ သံမဏိပစ္စည်း ရောင်းချမှုအခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သုတ်ဆေးများရောင်းချနေမှု အခြေအနေများ၊ အိမ်တွင်းအလှဆင်ပစ္စည်း ရောင်းချရမှုအခြေအနေများ၊ လုပ်ငန်းသုံး မီးစက်ရောင်းချနေမှု အခြေအနေများ၊ အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့် သံလုံး ဖြတ်စက်၊ သံချည်သံကွေးစက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်း လက်တွေ့သရုပ်ပြ လုပ်ဆောင် နေမှုအခြေအနေများအားကြည့်ရှုပြီး ရောင်းချပွဲသို့လာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများကို ဈေးနှုန်း သက်သာစွာ ရောင်းချပေးရေး တာဝန်ရှိသူများအားမှာကြားခဲ့ပါတယ်။ အဆိုပါရောင်းချပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် လုပ်ငန်းသုံးပစ္စည်းများကို ကုမ္ပဏီပေါင်း ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချ ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရပါတယ်။(NVS 004)

18 May

ADVERTISE HERE .