နိုင်ငံတကာစိုက်ပျိုးရေး မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပြပွဲကို ရန်ကုန်မြို့၌ ၃ ရက်ကြာကျင်းပမည်
18 May
(၉)ကြိမ်မြောက် နိုင်ငံတကာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာပြပွဲကို Silver Sea Inter-national Ltd. မှကြီးမှူး၍ ရန်ကုန်မြို့ရှိ Yangon Convention Center(YCC) ၌ ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် ခေတ်မီနည်းပညာများ၊ ပြည်တွင်းပြည်ပကုမ္ပဏီအသီးသီးမှ လယ်ယာသုံးစက်ကိရိယာ များ၊ ဆန်စက်၊ ဆီစက်၊ အရောင်ခွဲစက်၊ အခြောက်ခံစက်၊ လယ်ထွန်စက်၊ ခြွေလှေ့စက်များအပြင် စိုက်ပျိုးရေး ဆေးများ၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများ၊ မြေဆီ၊ မြေဩဇာများ၊ စိုက်ပျိုးရေးဆေးဝါးများနှင့် ခြံသုံးပစ္စည်းများ၊ မွေးမြူရေးကဏ္ဍအတွက် အစာနှင့် ဖြည့်စွက်စာများ၊ အစာထုတ်လုပ်သည့်စက်များ၊ အအေးခန်းသုံးစက်ကိရိယာ များ၊ ငါးကန်များ၊ နိုင်ငံတကာကုမ္ပဏီများမှ တင်သွင်းသည့် ငါးဖမ်းလှေများနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ခင်းကျင်းပြသမှာဖြစ်ပြီး ဈေးကွက်ချဲ့ထွင်လိုသည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကိုလည်း လာရောက် ရောင်းချရန် ဖိတ်ခေါ်ထားရှိပါတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီများလည်း ပါဝင်မှာဖြစ်ပါတယ်။ ပြပွဲအတွင်း မွေးမြူရေးနှင့် အစာဆိုင်ရာဟောပြောပွဲများ၊ စိုက်ပျိုးသီးနှံနှင့် ဈေးကွက်ဆိုင်ရာ ဟောပြော ပွဲများ၊ ငါး၊ ပုစွန် မွေးမြူရေးနှင့် ဈေးကွက်ဆိုင်ရာဟောပြောပွဲများ၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်သော သဘာဝ မြေဩဇာများ၏ အကျိုးကျေးဇူးများနှင့် အော်ဂဲနစ်လယ်ယာများ တည်ထောင်ခြင်းတို့ကို စိုက်ပျိုးရေးပညာရှင်များ နှင့် ခြံပိုင်ရှင်များက ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြပွဲကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက Agri Tech Myanmar Facebook Page နှင့် ims.silversea@ gmail.com သို့ E-mail ပေးပို့၍ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။(NVS 004)