ဂျန်နစ်ခ်ဆင်နာက အီတာလီယအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်

17 May

အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပနေသည့် Italian Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် တစ်ပွဲအဖြစ် အီတလီ တင်းနစ်ကစားသမား ဂျန်နစ်ခ်ဆင်နာနှင့် နော်ဝေတင်းနစ်ကစားသမား ကပ်ပါစရုဒ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျန်နစ်ခ်ဆင်နာက ၆-၀၊ ၆-၁ နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ ပါတယ်။ ဂျန်နစ်ခ်ဆင်နာအနေနဲ့ အကောင်းဆုံးပုံစံရရှိနေတဲ့ ကပ်စပါရုဒ်အား ပြတ်သားသည့်ရလဒ်နဲ့ အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ဖြစ်နေကြောင်းကို ပြသသွားနိုင်ခဲ့သည့်အပြင် မွေးရပ်မြေ အီတလီ နိုင်ငံတွင် ကျင်းပတဲ့ အဓိကပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆင်နာ က ဖိုင်နယ်တွင် အကောင်းဆုံးပုံစံနဲ့ကစားနိုင်ဖို့ ပြင်ဆင်ကြိုးစားသွားမှာ ဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ (NVS 008)

17 May

ADVERTISE HERE .